ကလေးလေးနဲ့ တွေ့ရဖို့ (၁၆) ရက်သာ လိုတော့တယ်ဆိုတဲ့ နေနေ

0
1053

အဆိုတော် နေနေက မကြာခင်မှာ ဒုတိယရင်သွေးလေးကို မွေးဖွားတော့မှာ ဖြစ်ပါတယ်။ သားလေးနဲ့ တွေ့ရဖို့ (၁၆) ရက်သာ လိုတော့တယ်လို့ ဆိုပါတယ်။

သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ အဆိုတော် နေနေက မကြာခင်မှာ သားလေးတစ်ယောက် ပိုင်ဆိုင်ရတော့မှာပါ။ သားလေးနဲ့တွေ့ရဖို့ (၁၆) ရက်သာလိုတော့တယ်ဆိုပြီး ပြောထားပါသေးတယ်။

“က​လေး ​လေးနဲ့ ​တွေ့ရဘို့ …၁၆ ရက်​သာလိုပါ​တော့တယ်​….ဘယ်​လိုရုပ်​က​လေးဖြစ်​လာမလဲ အရမ်းသိချင်​တယ်​…သူက​လေးလည်းထွက်​ချင်​ရှာ​နေလားမသိဘူး..တိုးချက်​က လန်​ထွက်​တယ်​…ဗိုက်​က တခါတ​လေ.ဝိုးင်းဝိုင်းကြီးဖြစ်​သွားလိုက်​..တခါတခါလည်းအ​ပေါ်ကြီးချွန်​တက်​လာလိုက်​နဲ့…ကန်​ချက်​​တွေ ..ရုန်းချက်​​တွေဆိုတာ…အ​မေလုပ်​သူလည်း တချက်​ချက်​..နာလွန်းလို့ထထ​အော်​ရတယ်​..​ဆော့ချက်​ငါ့သားရယ်​…ဒီရက်​ပိုင်း​တွေ​တော့နားပါပြီ..​မွေးပြီးမှ…ပြန်​ဝုန်းဒိုင်းကြဲ​တော့မယ်” ဆိုပြီး ဇွန်လ(၁၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

နေနေဟာ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေးအတွက်လည်း သီဆိုပေးထားတယ်လို့ သိရပါတယ်။ ကိုယ်ဝန်နဲ့ အလုပ်လုပ်ခွင့်ရတဲ့အတွက်လည်း အရမ်းဝမ်းသာတယ်လို့ ဆိုပါတယ်။

“Director ဇင်​​ယော်​​မောင်​​မောင်​ ရယ်​ သားဖြစ်​သူ မင်းသန့်​​မောင်​​မောင်​​မောင်​ တို့ တွဲဖက်​ ရိုက်​ကူးထားတဲ့ ကိုးရီးယား မြန်​မာ နှစ်​နိုင်​ငံ မင်းသား မင်းသမီး ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ ရုပ်​ရှင်​ကား အတွက်​ ​တေး​ရေး(ဓီရာမိုရ်​)​ရေး​ပေးထားတဲ့ ဇာတ်​ဝင်​သီချင်း​တွေ အသံသွင်း ​နေပါတယ်​…ဗိုက်​နဲ့လည်း အလုပ်​လုပ်​ခွင့်​ရတဲ့အတွက်​ဝမ်းသာတယ်” ဆိုပြီးပြောထားပါသေးတယ်။

ကလေးမွေးပြီးရင်လည်း အနုပညာအလုပ်တွေကို ဒီထက်ပိုကြိုးစားပြီး တစိုက်မတ်မတ်လုပ်နိုင်အောင် ကြိုးစားသွားပ့ါမယ်လို့ ဆိုပါတယ်။

အဆိုတော် နေနေဟာ ဂီတလောကမှာ ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ အဆိုတော်တစ်ဦး ပါ။ လက်ရှိမှာ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားပြီး သာယာတဲ့ မိသားစုဘဝလေးကို ရရှိထားသူလည်း ဖြစ်ပါတယ်။