ကိုယ့်ချစ်သူက အရမ်းဆိုးတယ်မျက်ရည်မကျရတဲ့နေ့ဆိုတာ မရှိဖူးလို့ရင်ဖွင့်လာတဲ့မအေးသောင်

0
3851

အလှအပတွေကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ ပရိသတို့ရဲ့ အချစ်တော်မလေး မအေးသောင်းလို့ချစ်စနိုးခေါ်တဲ့ အေးဝတ်ရည်သောင်းကတောု့ရိသတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ သူတစ်ယောက်လို့ဆိုနိုင်ပါတယ်။ တချိန်တုန်းက ချစ်သူနဲ့ မခွဲ နိုင်ရင်တော့ ယူပစ်လိုက်တော့မယ်လို့ ပြောထားတဲ့ အပျိုကြီးမမကတော့ လတ်တလောမှာတော့ ကိုယ့် ချစ်သူက အရမ်းဆိုးတယ် မျက်ရည်မကျရတဲ့နေ့မရှိဘူး ဆိုတာကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားတာဖြစ်ပါတယ်။

“ကိုယ့် ချစ်သူက အရမ်းဆိုးတယ် မကောင်းတာအကုန်လုပ်တယ် မိန်းကလေးရှုပ်တယ် ပွေတယ်သစ္စာလုံးဝမရှိဘူး။ လောင်းကစားလုပ်တယ် အရက်သောက်တယ် အမြဲတမ်းပဲ စိတ်ပူနေရတယ်လိမ်တတ်တယ် စကားလုံး ၁၀၀ မှာ ၁၀၁ လုံးညာတယ်။ မျက်ရည်မကျရတဲ့နေ့မရှိဘူး” ဆိုပြီးတော့ ချစ်သူကြောင့် သူခံစားနေရတဲ့ ခံစားချက်လေးကို သူ့ရဲ့လူမှုကွန်ရက်လေးမှာ ရင်ဖွင့်ပြောပြထားတာဖြစ်ပါတယ်။

“ကဲ … သူ့ကိုဘယ်မိန်းကလေးမှ မချစ်ချင်တော့အောင် သူ့အကြောင်း မကောင်းတာတွေချည်းပဲလျောက်ပြောပြစ်မယ်။ကိုယ် စိတ်သိပ်ပုပ်တယ်။ကိုယ်တယောက်ပဲချစ်မယ်” ဆိုပြီးတော့လည်း အဲလိုတွေပြောရတာ တခြားကောင်မလေးတွေလာပြီးကြိုက်မှာဆိုးလို့ ဘယ်သူမှ မချစ်ဘဲ ကိုယ်တစ်ယောက်တည်း ချစ်လို့ရအောင် ချစ်စဖွယ်လေးနဲ့ သူရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ အရမ်းချစ်တတ်နေပြီ ဖြစ်တဲ့ မမအေးသောင်း အတွက် မှတ်ချက်လေးရေးပေးခဲ့ပါဦး။