လုံးဝဝါသနာမပါတဲ့အလုပ်ကို ပင်ပင်ပန်းပန်း လုပ်နေရပြီဆိုတဲ့ ပြေတီဦး

0
1780

ပရိသတ်တွေ ချစ်တဲ့ မင်းသားချောပြေတီဦးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် စိတ်ရော ကိုယ်ပါနစ်ပြီး သရုပ်ဆောင်တတ်တာကြောင့် အကယ်ဒမီဆုပေါင်းများစွာကို ရရှိပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ ပြေတီဦးက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို မအားမချက်အောင် လုပ်ကိုင်နေရင်း သူ့ရဲ့မိသားစုလေးကို သာယာအောင် တည်ဆောက်ထားတာဖြစ်ပါတယ်။ ပြေတီဦးက မင်းသမီးချောလေး အိန္ဒြာကျော်ဇင်နဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားသမီး (၂) ယောက်ကို မွေးဖွားထားတာ ဖြစ်ပါတယ်။

ပြေတီဦးက ဒီတစ်ခေါက်မှာတော့ သူမလုပ်ချင်တဲ့အလုပ်ကို တစ်စုံတစ်ယောက်ကြောင့် လုပ်ကိုင်နေရတယ်လို့ ရင်ဖွင့်ပြောဆိုထားပါတယ်။

ပြေတီဦးက “ဘဝမှာ ဝါသနာမပါဆုံးအလုပ်…သွားဖို့ တခါမှစိတ်ကူးမယဉ်ခဲ့ နေရာ…ဒီနေ့တော့ အဲဒီ GYM ဆိုတဲ့နေရာကို စရောက်ခဲ့ပြီ…ဘယ်သူ့ကြောင့်ဖြစ်မလဲဆိုတာ ခန့်မှန်းကြည့်ပါလား…😎😊😍❤️” ဆိုပြီး ပရိသတ်တွေကို ခန့်မှန်းခိုင်းထားပါတယ်။

ပြေတီဦးတစ်ယောက် GYM ဆော့နေရတာ သူ့ရဲ့ချစ်ပရိသတ်တွေအတွက်ပဲ ဖြစ်မယ်လို့ ထင်ပါတယ်နော်။

ပြေတီဦးကတော့ အားကစားတွေ အားရပါးရ လုပ်နေပြီပဲ ဖြစ်ပါတယ်။ မကြာခင်မှာ ပြေတီဦးရဲ့ ခန္ဓာကိုယ်အချိုးအစား ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားစရာပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။