မနက်ခင်းဆွမ်းခံထွက်ခဲ့တဲ့ ပုံရိပ်လေးတွေ မျှဝေပေးလာခဲ့တဲ့ မိုးအောင်ရင်(ခ) အရှင်မေဃဇေယျ

မူးယစ်ဆေးဝါးအမူကြောင့် ထောင်ဒဏ် (၁၇) နှစ်တိတိချခံရပြီး အကျဉ်းထောင်ထဲကို ရောက်ရှိနေခဲ့ရတဲ့ မိုးအောင်ရင်ကတော့ မေလ (၇) ရက်နေ့မှာပဲ နိုင်ငံတော် သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ရတာပဲ ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့တဲ့ မိုးအောင်ရင်အတွက် အနုပညာရှင် အသိုင်းအဝိုင်းမှ ညီအစ်ကို မောင်နှမများနဲ့ ပရိသတ်တွေများစွာတို့က မိဘများနဲ့ထပ်တူ အရမ်းကို ပျော်ရွှင်မဆုံး ဖြစ်နေခဲ့ကြရတာပဲ ဖြစ်ပါတယ်။

ပြန်မဆုံနိုင်တော့ဘူးလို့ တွေးထားတဲ့အချိန်မှာ ပြန်လည်လွတ်မြောက်ခွင့်ရလာတဲ့ မိုးအောင်ရင်အတွက် များစွာသော ချစ်ပရိသတ်အပေါင်းတို့က သာသနာ့ဘောင်တွင်းသို့ ဝင်စေချင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ထိုသို့ သာသနာ့ဘောင်ဝင်သို့ ဝင်စေချင်ကြတဲ့ ချစ်ပရိသတ်တွေအတွက် မိုးအောင်ရင်တစ်ယောက် မေလ (၁၂) ရက်နေ့ မနက်ပိုင်းမှာပဲ သာသနာ့ဘောင်တွင်းသို့ ဝင်ရောက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

မေလ (၁၂) ရက်နေ့ မနက် (၉) နာရီခွဲမှာ ရန်ကင်းမြို့နယ် စစ်ကိုင်းရွှေဟသာင်္စံကျောင်းမှာ အရှင်မေဃဇေယျဘွဲ့အမည်ဖြင့် သာသနာ့ဘောင်တွင်းသို့ ပျော်သလောက် ဝင်သွားခဲ့တဲ့ မိုးအောင်ရင်ကတော့ ယနေ့ မနက်ပိုင်းမှာ ဆွမ်းခံထွက်ခဲ့တဲ့ ကြည်နူးစရာ မနက်ခင်းပုံရိပ်လေးတွေကို သူ့ရဲ့ ဖေ့ဘုတ်ပေ့စ်ကနေ စတင်ပြီး မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ သာသနာ့ဘောင်တွင်းသို့ ဝင်ရောက်ရင်း မနက်ခင်း ဆွမ်းခံထွက်ခဲ့တဲ့ မိုးအောင်ရင်(ခ) အရှင်မေဃဇေယျ ရဲ့ ကြည်နူးစရာပုံရိပ် လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

အေးချမ်းလှတဲ့ မနက်ခင်းမှာ ဆွမ်းခံထွက်ခဲ့တဲ့အကြောင်းကို မိုးအောင်ရင် (ခ) အရှင်မေဃဇေယျကတော့ ” Ma nat Soon Kan htwet tone Ka… ( မနက်ဆွမ်းခံထွက်တုန်းက) ” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်ပေ့စ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ပြုလုပ်ခဲ့ဖူးသမျှ မကောင်းမှုတွေအတွက် သာသနာ့ဘောင်တွင်းသို့ ဝင်ရောက်ပြီး ပေးဆပ်နေခဲ့တဲ့ မိုးအောင်ရင်အတွက် ပရိသတ်တွေလည်း ဝမ်းသာ ကျေနပ်မိမယ်လို့ ထင်ပါတယ်။

သာသနာ့ဘောင်တွင်းသို့ ဝင်ရောက်သွားပြီဖြစ်တဲ့ မိုးအောင်ရင်အတွက် ပရိသတ်တွေလည်း ဝမ်းသာကျေနပ်မိမယ်လို့ ထင်ပါတယ်။ ကြည်လင်အေးချမ်းတဲ့ မျက်နှာလေးနဲ့ သာသနာ့ဘောင်တွင်းသို့ ဝင်ရောက်သွားပြီဖြစ်တဲ့ မိုးအောင်ရင်ကတော့ ယနေ့မနက်ပိုင်း ဆွမ်းခံထွက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်မြင်တွေ့ခွင့် ရလိုက်တဲ့အတွက် အရမ်းကို ကြည်နူးပျော်ရွှင်မိတယ်ဆိုရင် ဒီပို့စ်လေးကို မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။

Credit

Written by 

Leave a Reply

Your email address will not be published. Required fields are marked *