သတင်းထောက်ကို ပါးရိုက်ခဲ့လို့ ဒဏ်ငွေ တစ်ထောင်ကျပ်ဆောင်ခဲ့ရတဲ့ ထက်ထက်မိုးဦး

ထက်ထက်မိုးဦးဟာ ၁၉ရာစုနှင့် ၂၀ရာစု အစောင်ပိုင်းအတွင်း အကောင်းဆုံးကြော်ငြာသရုပ်ဆောင်ဘုရင်မတပါးအဖြစ် ကျော်ကြားခဲ့ပါသည်။၁၉၇၁ခုနှစ် မေလ ၈ရက်နေ့တွင် ဖခင်ဦးခင်အောင် မိခင် ဒေါ်ခင်မျိုးညွန့်တို့မှ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် ဖွားမြင်ခဲ့ပါသည်။

ငယ်အမည်မှာ မှုံရွှေရည်ဖြစ်သည်။၁၉၉၁- ၁၉၉၂ နှစ်ဝန်းကျင်တွင် အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့ပါသည်။မှုံရွှေရည်အမည်မှ ထက်ထက်မိုးဦးအမည်သို့ အနုပညာလောကသို့ ဝင်ရောက်လာလာခြင်း ပြောင်းလဲခဲ့ပါသည်။

သူမ၏ ပထမဆုံး ရှုပ်ရှင်ကားမှာ တကယ်လူ ဖြစ်၍ စိုးသူ စိုးမြတ်သူဇာတို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ပါသည်။ထပ်မံ၍ မို့မို့မြင်အောင် ရဲအောင်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါသည်။မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို 1996 နှင့် 2001 ခုနှစ်တွင် ရရှိခဲ့ပါသည်။

အိမ်ထောင် ၃ဆက် ရှိပြီး ပထမအိမ်ထောင်မှာ မင်းဦးဖြစ်သည်။မင်းဦးမှာ သရုပ်ဆောင် ဒါရိုက်တာ တစ်ဦးဖြစ်သည်။ဒုတိယအကြိမ်မှာ အဆိုတော် အနဂ္ဂနှင့် ၂၀၀၄ ခုနှစ်မှ ၂၀၀၈ခုနှစ်ထိ ပေါင်းသင်းခဲ့ပါသည်။တတိယအိမ်ထောင်ကို August 10ရက် 2010ခုနှစ်တွင် ဇူးမြတ်ထက်နှင့် လက်ထပ်ခဲ့ပါသည်။2011 ခုနှစ်တွင် သမီး စစ်လွန်းဝတီထက်ကို ဖွားမြင်ခဲ့ပါသည်။

2012ခုနှစ်တွင် သူမ၏ အိမ်ထောင်ရေးအကြောင်းမေးမြန်းသူ 7DayNewsမှ သတင်းထောက်တစ်ဦးအား ပါးရိုက်ခဲ့သောကြောင့် ရန်ကုန်တရားရုံးမှ ဒဏ်ငွေတစ်ထောင်ကျပ်(1USD) ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပါသည်။

Written by 

Leave a Reply

Your email address will not be published. Required fields are marked *