ဆေးကုသမှုခံယူနေတဲ့ မင်းလှိုင်ထံသွားရင်း သူ့ကိုမမှတ်မိတော့လို့ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဇော်ဇော်အောင်

0
2691

စကားပြောရာမှာ အသံကျယ်ကျယ်နဲ့ ထစ်ထစ်ပြီး ပြောလေ့ရှိတဲ့ သရုပ်ဆောင် မင်းလှိုင်လို့ ပြောလိုက်တာနဲ့ မသိသူမရှိလောက်အောင် ရှားပါးလွန်းလှပါတယ်။ သူဟာ သရုပ်ဆောင်ပိုင်းမှာလည်း ပြောစရာမလိုတဲ့ ပီပြင်တဲ့ အိုက်တင်တွေကို သရုပ်ဆောင် ပြသပေးနိုင်ခဲ့တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပါ။ ပီပြင်တဲ့ သရုပ်ဆောင်ကွက်တွေနဲ့ အနုပညာအလုပ်ကို အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ မင်းလှိုင်ကတော့ ဦးနှောက်သွေးကြောပေါက်လို့ အရေးပေါ်လူနာအဖြစ်နဲ့ ဆေးရုံတင်ထားရတာပဲဖြစ်ပါတယ်။

အရေးပေါ်လူနာအဖြစ်နဲ့ ဆေးရုံတင်ထားရတဲ့ မင်းလှိုင်ကို ဇာတ်ပို့သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ ဇော်ဇော်အောင်က အလှူရှင်တွေ လှူဒါန်းထားတဲ့ ငွေတွေကို မငှ်းုင်ထံ သွားရောက်အပ်နှံပေးခဲ့တာပဲ ဖြစ်ပါတယ်။ ထိုသို့ အလှူငွေတွေ သွားရောက်အပ်နှံပေးခဲ့တဲ့ ဇော်ဇော်အောင်ရဲ့အကြောင်းကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

ဇော်ဇော်အောင်ကတော့ ” ‘အယ်ကွယ် လက်ကုန်ပဲ’ ဓါတ်ပုံ ရိုက်ဖို့ ကင်မရာချိန် လိုက်တော့ပြုံးပြုံး ပြုံးပြုံး နဲ့ ထအော်တယ် ဒါကတော့ ငါပိုင်တယ် တဲ့ ကျွန်တော် ဘယ်သူလဲ လို့မေးတော့ ကျော်ထွန်း လေတဲ့ သွေးကြောပေါက်ပြီး ဦးနှောဏ်ထဲ မှာ ဘာတွေ ဖြစ်ကုန်ပြီလဲ ခန နေဆေးခန်း သွားပြမယ်ဆိုတော့ ပြန်လာရင် လက်ကိုမော့တဲ့ ပုံ လုပ်ပြပြီး ချမလား ဆိုတော့ ငါ့ခေါင်းကမရတော့ဘူး လို့ပြောရှာတယ် ”

”ကောင်းသွားဖို့ အချိန်တော့ ယူရမှာပေါ့ဗျာ လှူဒါန်းပေးတဲ့ မြင့်မြတ် အူဝဲ နဲ့ ဇာတ်လိုက် ရုပ်ရှင်အဖွဲ့သားတွေကို ကျေးဇူးတင်ပါတယ် အလှူ ငွေ စုစုပေါင်း ၄၁၁၀၀၀ ကျပ် တိတိကို ပေးအပ်ခဲ့ပါတယ် ကျန်းမာချမ်းသာကြပါစေဗျာ ” ဆိုပြီး သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာကနေတစ်ဆင့် ရေးသားဖော်ပြပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

ဦးနှောက်သွေးကြောပေါက်လို့ ဆေးကုသမှုခံယူနေရတဲ့ သရုပ်ဆောင် မင်းလှိုင်ကတော့ ပြုံးပျော်နေပေမယ့်လည်း မှတ်ဉာဏ်အားသိပ်မကောင်းတော့တဲ့အတွက် မိသားစုဝင်တွေနဲ့ထပ်တူ အားလုံးက စိတ်မကောင်းဝမ်းနည်း ဖြစ်နေခဲ့ကြရတာပဲ ဖြစ်ပါတယ်။ မင်းလှိုင်ခံစားနေရတဲ့ ရောဂါဆိုးကြီး မြန်မြန်သက်သာပျောက်ကင်းသွားဖို့ အလှူရှင်များများ ပေါ်ပေါက်ပါစေနော်။ ဆေးရုံကို အရေးပေါ်လူနာအဖြစ် တက်ရောက်ကုသခွင့် ခံယူနေရတဲ့ သရုပ်ဆောင် မင်းလှိုင်တစ်ယောက် ဆေးရုံတက်နေရတဲ့ အခြေအနေကနေလည်း အမြန်သက်သာပျောက်ကင်းပါစေကြောင်း ဆုမွန်ကောင်းလေးနဲ့ ဆုတောင်းပေးသွားကြပါဦးနော် ချစ်ပရိသတ်ကြီးရေ။