Monday, June 17, 2019
သီချင်းဆိုပြိုင်ပွဲတွေကနေ ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော်မလေး မေသက်ထားဆွေကတော့ စာမေးပွဲအောင်လို့ ဝမ်းသာနေပါတယ်။(၂)ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာပါ။ ကြည်လင်ပြတ်သားတဲ့ အသံလေးနဲ့ မြန်မာသံစဉ်လေးတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ အဆိုတော်မလေး မေသက်ထားဆွေကတော့ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို (၂)ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ စာမေးပွဲ အောင်စာရင်း မထွက်ခင်ကတည်းက ပရိသတ်တွေလည်း ရင်ခုန်နေသလို သူမလည်း ရင်တွေ အရမ်းခုန်ခဲ့ရပါတယ်။ အောင်စာရင်း ထွက်လာတဲ့အချိန်မှာတော့ အားလုံးအတွက် ဝမ်းသာစရာတစ်ခု ဖြစ်ခဲ့ပါတယ်။ သူမဂုဏ်ထူး(၂)ဘာသာနဲ့ အောင်မြင်ခဲ့ကြောင်းကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ဇွန်လ(၈)...