ချမ်းသာတဲ့ကာရိုက်တာထက်ဆင်းရဲတဲ့ကာရိုက်တာလာငှားရင်ပိုဝမ်းသာတယ်လို့ပြောလာတဲ့ စိုးမိုးကြည်

တစ်ခတ်တစ်ခါတည်းကနာမည်ကြီးခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်စိုးမိုးကြည်ကတော့ အကယ်ဒမီဆုကိုလည်းရရှိပိုင်ဆိုင်ထားပြီး ရရာဇာတ်ရုပ်ကိုပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။အမေဇာတ်ရုပ်တွေမှာပါဝင်သရုပ်ဆောင်လာပြီး တက်သစ်စလူငယ်တွေကိုလက်တွဲခေါ်ပေးတတ်သူလည်းဖြစ်ပါတယ်။ ဇာတ်ကားတိုင်းနီးပါး ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ ပရိသတ်ကြိုက်အောင် သရုပ်ဆောင်နိုင်သော ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ” ကျောမှာဂဠုန်ရင်မှာနဂါး” ရုပ်ရှင်ဇာတ်ကားမှာပါဝင်ထားတာပဲဖြစ်ပြီး တစ်ကားလုံးကပညာပေးဇာတ်ကားမို့ ပရိသတ်တွေကြည့်သင့်ကားလို့ ပြောပြခဲ့ပါတယ်။” ဇာတ်ကားတစ်ကား ရိုက်ဖို့လာငှားရင် ဆင်းရဲတဲ့အခန်းတွေဆိုရင် ဘာပဲပြောပြော တော်သေးတယ်လေ၊ဆင်းရဲတဲ့အခန်းဆိုတော့ ပျော်သွားတာပေါ့။ဆင်းရဲတယ်ဆိုတော့ အ၀တ်အစားကလည်းမ၀တ်ရဘူးမကုန်ဘူးလေ။မိတ်ကပ်ကလည်းမလိမ်းရဘူးလေ။ အရမ်းချမ်းသာတယ်ဆိုရင် ခေါင်းကနေ ခြေတော်ကအထိ အ၀တ်အစား၊လက်ဝတ်လတ်စား၊ဖိနပ်၊ပိုက်ဆံအိတ်၊အစအဆုံးဆိုတော့ တစ်ခါတစ်လေကျရင် ကိုယ့်အိတ်ထဲကတောင် ပိုက်ဆံစိုက်ရတယ်။ကားကြီးဆိုပိုဆိုးတာပေါ့၊ဗီဒီယိုဆို နည်းနည်းလေး သက်သာတာပေါ့လေ။ ငွေအမောက်ကိုတော့ ကိုယ်ကချိန်ရတာပေါ့ ဆင်းရဲသားအခန်း ပဲပြုတ်ရောင်းရမယ်၊ငါးစိမ်းသည်မတို့ Read more

စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်ကြီး သင်္ကန်းကပ်လှူဖို့ သိန်းရာချီ လှူဒါန်းလိုက်တဲ့ နန္ဒာလှိုင်တို့ မိသားစု

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေထဲမှာ ဝါရင့်သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင်ကတော့ မပါမဖြစ်ပါပဲ..။ တစ်ချိန်က ဒိတ်ဒိတ်ကြဲ အောင်မြင်ကျော်ကြားတဲ့ ပရိသတ်တွေရဲ့ အချစ်တော် အကယ်ဒမီဆုရှင် မင်းသမီးချောနန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ရပ်နားလိုက်ပေမယ့် ပရိသတ်တွေကတော့ ယနေ့အချိန်ထိ တခဲနက် အားပေးချစ်ခင်နေဆဲပါပဲနော်..။ သမီးလေး သုံးယောက်နဲ့အတူ သာယာပျော်ရွှင်စရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ နန္ဒာလှိုင်တို့မိသားစုလေးကတော့ မကြာခဏလည်း လှူဒါန်းမှုတွေကို ပြုလုပ်လေ့ရှိတာလည်း တွေ့ရပါတယ်နော်..။ လှူဒါန်းမှုတွေကို ရက်ရက်ရောရောနဲ့ ချီးကျူးအားကျရလောက်အောင် ကုသိုလ်ယူလှူဒါန်းလေ့ရှိတဲ့ သူမတို့မိသားစုလေးကတော့ Read more

မနက်ခင်းဆွမ်းခံထွက်ခဲ့တဲ့ ပုံရိပ်လေးတွေ မျှဝေပေးလာခဲ့တဲ့ မိုးအောင်ရင်(ခ) အရှင်မေဃဇေယျ

မူးယစ်ဆေးဝါးအမူကြောင့် ထောင်ဒဏ် (၁၇) နှစ်တိတိချခံရပြီး အကျဉ်းထောင်ထဲကို ရောက်ရှိနေခဲ့ရတဲ့ မိုးအောင်ရင်ကတော့ မေလ (၇) ရက်နေ့မှာပဲ နိုင်ငံတော် သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ရတာပဲ ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့တဲ့ မိုးအောင်ရင်အတွက် အနုပညာရှင် အသိုင်းအဝိုင်းမှ ညီအစ်ကို မောင်နှမများနဲ့ ပရိသတ်တွေများစွာတို့က မိဘများနဲ့ထပ်တူ အရမ်းကို ပျော်ရွှင်မဆုံး ဖြစ်နေခဲ့ကြရတာပဲ ဖြစ်ပါတယ်။ ပြန်မဆုံနိုင်တော့ဘူးလို့ တွေးထားတဲ့အချိန်မှာ ပြန်လည်လွတ်မြောက်ခွင့်ရလာတဲ့ မိုးအောင်ရင်အတွက် များစွာသော ချစ်ပရိသတ်အပေါင်းတို့က သာသနာ့ဘောင်တွင်းသို့ ဝင်စေချင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ထိုသို့ Read more

သတင်းထောက်ကို ပါးရိုက်ခဲ့လို့ ဒဏ်ငွေ တစ်ထောင်ကျပ်ဆောင်ခဲ့ရတဲ့ ထက်ထက်မိုးဦး

ထက်ထက်မိုးဦးဟာ ၁၉ရာစုနှင့် ၂၀ရာစု အစောင်ပိုင်းအတွင်း အကောင်းဆုံးကြော်ငြာသရုပ်ဆောင်ဘုရင်မတပါးအဖြစ် ကျော်ကြားခဲ့ပါသည်။၁၉၇၁ခုနှစ် မေလ ၈ရက်နေ့တွင် ဖခင်ဦးခင်အောင် မိခင် ဒေါ်ခင်မျိုးညွန့်တို့မှ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် ဖွားမြင်ခဲ့ပါသည်။ ငယ်အမည်မှာ မှုံရွှေရည်ဖြစ်သည်။၁၉၉၁- ၁၉၉၂ နှစ်ဝန်းကျင်တွင် အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့ပါသည်။မှုံရွှေရည်အမည်မှ ထက်ထက်မိုးဦးအမည်သို့ အနုပညာလောကသို့ ဝင်ရောက်လာလာခြင်း ပြောင်းလဲခဲ့ပါသည်။ သူမ၏ ပထမဆုံး ရှုပ်ရှင်ကားမှာ တကယ်လူ ဖြစ်၍ စိုးသူ စိုးမြတ်သူဇာတို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ပါသည်။ထပ်မံ၍ မို့မို့မြင်အောင် ရဲအောင်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါသည်။မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို 1996 နှင့် 2001 ခုနှစ်တွင် Read more